တောင်ကြီး + အင်းလေး (၄ ည / ၅ ရက်)
ခရီးစဉ်တွင် လည်ပတ်ရမည့်နေရာများ
- ပင်းတယမြို့ရှိ ကုံလုံဆရာတော်ဘုရားကြီး၏ လွမ်းစေတီ
- သဘာ၀ ရွှေဥမင်လှိုဏ်ဂူ
- ထူးဆန်းသည့် မြသပိတ်ရေပြာအိုင်
- ရှမ်းမင်းသမီးလေး၏ လွမ်းမောဖွယ်ရာအတိတ်သမိုင်းကြောင်းများရှိသည့် ရွာငံဒေသက မိန်းမရဲသခင်မတောင်
- ကလောမြို့တွင် နှစ်ပေါင်းရာချီသက်တမ်းရှိပြီဖြစ်သော နှီးဘုရားကြီး
- ဟဲဟိုးရှိ ဘ၀သံသရာရထားလမ်းနှင့် View Point တွင် အမိုက်စားဓါတ်ပုံများရိုက်ကူးခြင်း
- ထမ့်ဆန်းကိုရင်လေးသတင်းသုံးရာ ဂူဖြစ်သည့်ထမ့်ဆန်းလှိုဏ်ဂူတော်
- ရှေးဟောင်းဘုရားအများအပြားကို တွေ့မြင်နိုင်မည့် မွေတော်က္ကူစေတီများ
- မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး အင်းလေးကန်ဝယ် ပျော်ပျော်ရွှင်ရွှင်စက်လှေစီးခြင်း
- ရှေးဘုရင် အလောင်းစည်သူမင်းကြီး၏ကုသိုလ်တော်ဖြစ်သည့် ဖောင်တောင်ဦးစေတီ နှင့် ဗုဒ္ဓရုပ်ပွားတော်များအား ဖူးမြော်ခြင်း
- လက်မှုငွေထည်ပစ္စည်းဆိုင် နှင့် ပဒေါင်အိမ်သို့ လည်ပတ်ခြင်း
- ရှေးဟောင်းဘုရားများရှိသည့် ငါးဖယ်ချောင်ကျောင်း (ခေါ်) ကြောင်ခုန်ကျောင်း
- အင်းလေးရိုးရာ အထည်များကို အမှတ်ဝယ်ယူနိုင်မည့် ယက္ကန်းစင်သို့ သွားရောက်ခြင်း
- ဒေသထွက် လက်ဆောင်ပစ္စည်းများဝယ်ယူနိုင်ရန် တောင်ကြီး ညဈေးသို့ သွားရောက်ခြင်း
ခရီးစဉ်အတွင်းပါဝင်သောဝန်ဆောင်မှုများ
- အဆင့်မြင့် Air Con Express (Yutong / Higer / Scania) ကားများဖြင့် စီစဉ်ထားခြင်း
- ဖော်ပြထားသော နံနက်စာ၊ နေ့လည်စာ၊ ညစာ
- 3 star အဆင့်ရှိ ဟိုတယ်တွင် (၂) ညတည်းခိုခြင်း (၂ ယောက် ၁ ခန်း / ၃ ယောက် ၁ ခန်း)
- တစ်နေ့လျှင် ရေသန့် (၃) ဗူးပေးဝေခြင်း
- ပင်းတယ ရွှေဥမင်လှိုဏ်ဂူသို့ တစ်ဆင့်သွား တောင်တက်ကားခ
- အဆာပြေမုန့် နှင့် အအေး
- အခြေခံ အိမ်သုံးဆေးဝါးများ
- အင်းလေးကန်အတွင်း လည်ပတ်မည့် စက်လှေခ
- ရင်းနှီးဖော်ရွေသော Tour Leader ၀န်ဆောင်မှုပေးခြင်း
ခရီးစဉ်အတွင်း မပါဝင်သောဝန်ဆောင်မှုများ
- အစားအသောက် ၀န်ဆောင်မှုအစီစဉ်တွင် မပါဝင်သော အစားအစာများအား ထပ်မံမှာယူခြင်း
- အထက်ပါ ခရီးစဉ်တွင် မဖော်ပြထားသော လည်ပတ်မှုနေရာများ
- ဟိုတယ်တွင် ကိုယ်ပိုင်အသုံးစရိတ်ဖြစ်သော Laundry Charges , Room Services, Phone bill စသည့် ဝန်ဆောင်မှုများ
Share This Page