ဂျပန် (6 Days)
ခရီးစဉ်တွင် လည်ပတ်ရမည့်နေရာများ
- ဂျပန်နိုင်ငံတွင် နာမည်ကျော်ကြားပြီး လူသိများသော ကြေးသွန်းဗုဒ္ဓရုပ်ပွားတော် ကမာကူရဘုရားကြီးကို သွားရောက်ဖူးမြော်ခြင်း
- Ashinoko Lake တွင် အပျော်တန်းသင်္ဘောစီးကာ ဖူဂျီတောင်အလှကို အဝေးမှကြည့်ပြီး အလှဓာတ်ပုံများရိုက်ကူးကြပါမည်
- ပျော်ရွှင်စွာ နှင်းလျှောလေးများစီးပြီး အမှတ်တရ ဓာတ်ပုံများရိုက်ကူးရန် Fujiten Ski Resort
- နာမည်ကြီး ကျော်ကြားသော ဖူဂျီတောင်
- သဘာဝပတ်ဝန်းကျင်အလှကို ကြည့်ရှုခံစားပြီး ဖူဂျီတောင်နောက်ခံဖြင့် ဓာတ်ပုံရိုက်ရန်အတွက် သာယာလှပပြီး ချစ်စရာကောင်းသော Oshino Hakkai Village
- တိုကျိူမြို့၏ ပြယုဂ်တစ်ခုဖြစ်သည့် Tokyo Sky Tree (တိုကျိုတာဝါ)
- တိုကျိုမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သော Asakusa ဘုရားကျောင်း
- ဂျပန်ရိုးရာ အသုံးအဆောင်များရောင်းချသော စည်ကားလှသည့် Nakamise Street တွင် အမှတ်တရပစ္စည်းများဝယ်ကြပါမည်
- ဂျပန်နိုင်ငံ၏ တော်ဝင်မိသားစုများနေထိုင်ရာ Imperial Palace အတွင်းသို့ သွားရောက်လည်ပတ်ခြင်း
- လူအများ ကြိုက်နှစ်သစ်ကြသော Tokyo Disneyland
- Naritasan Shinsyoji ဘုရားကျောင်း
- Shopping အတွက် Aeon Mall Narita ၊ Gotemba Premium Outlet ၊ Ginza နှင့် Akihabara တို့တွင် ဈေးဝယ်နိုင်ရန် ပို့ဆောင်ပေးပါမည်
ခရီးစဉ်အတွင်းပါဝင်သောဝန်ဆောင်မှုများ
- Yangon – Tokyo - Yangon အသွားအပြန် လေယာဉ်လက်မှတ်
- 3 star Hotel
- ဘူဖေး၊ အရှေ့တိုင်း နှင့် အနောက်တိုင်း အစားအစာများ ပါဝင်သော နံနက်စာ၊နေ့လည်စာ၊ညနေစာများ
- လည်ပတ်ရန် Fully Air con car
- မိသားစုဝင်ကဲ့သို့ နွေးထွေးပျူငှာစွာဆက်ဆံသော Tour Leader တစ်ဦး
- ဒေသခံ English Tour Guide
- ခရီးစဉ်တွင် ပါဝင်သော လည်ပတ်မည့်နေရာများ၏ ဝင်ကြေး
- နေ့စဉ် ရေသန့်တစ်ဗူးနှင့် Snow Tower
ခရီးစဉ်အတွင်းမပါဝင်သောဝန်ဆောင်မှုများ
- လေယာဉ်အတွက် ဝန်ပိုသယ်ဆောင်ခ
- အထက်ပါ ခရီးစဉ်တွင် မဖော်ပြထားသော လည်ပတ်မှုနေရာများ
- ဟိုတယ်တွင် ကိုယ်ပိုင်အသုံးစရိတ်ဖြစ်သော Laundry Charges , Room Services, Phone bill စသည့် ဝန်ဆောင်မှုများ
ဂျပန်ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားရန် လိုအပ်ချက်များ
- အနည်းဆုံးသက်တမ်း ၆ လ ကျန်ရှိသော နိုင်ငံကူးလက်မှတ် (မူရင်း၊မိတ္တူ၊နိုတြီ)
- နိုင်ငံသားမှတ်ပုံတင် (မူရင်း၊ မိတ္တူ၊ နိုတြီ)
- အိမ်ထောင်စု စာရင်း (မူရင်း၊ မိတ္တူ၊ နိုတြီ)
- နောက်ခံအဖြူရောင် ကာလာဓာတ်ပုံ ၂ ပုံ (2” x 2”)
- ဘဏ်စာအုပ် (သိန်း ၁၂၀ အနည်းဆုံးထည့်သွင်းထားသော တစ်နှစ်သက်တမ်းရှိ စာရင်းအဝင်အထွက် ရှိရမည်။)
- ကား Owner Book မူရင်း နှင့် အမည်ပေါက်မဟုတ်ပါက အရောင်းအဝယ်စာချုပ် (မူရင်း၊ မိတ္တူ၊ နိုတြီ)
- အမည်ပေါက် တိုက်ခန်း အရောင်း /အဝယ် စာချုပ် မူရင်း (မူရင်း၊ မိတ္တူ၊ နိုတြီ)
- ကုမ္ပဏီဝန်ထမ်းဖြစ်ပါက စာရွက်စာတမ်း အထောက်အထားပြပေးရန် (မူရင်း၊ မိတ္တူ၊ နိုတြီ)
- ပင်စင်စားဖြစ်ပါက ပင်စင်ယူထားကြောင်း စာရွက်စာတမ်း အထောက်အထားပြပေးရန် (မူရင်း၊ မိတ္တူ၊ နိုတြီ)
- ကျောင်းသူ၊ကျောင်းသား များအတွက် ကျောင်းသားမှတ်ပုံတင်ကဒ်၊ ကျောင်းထောက်ခံစာ (မူရင်း၊ မိတ္တူ၊ နိုတြီ)
မှတ်ချက်
- လျှောက်ထားသည့်အခါ ပြသရသည့် စာရွက်စာတမ်းများကို သံရုံးဗီဇာဌာနမှ ကျေနပ်မှုမရှိပါက လိုအပ်သည့် စာရွက်စာတမ်းများကို ထပ်မံတောင်းခံပါမည်။
- နိုင်ငံကူးလက်မှတ်၊ မှတ်ပုံတင်၊ အိမ်ထောင်စုဇယား မှ မွေးရက်၊ မွေးလ၊ မွေးနှစ် ထပ်တူကျရပါမည်။ မြန်မာခုနှစ်ဖြင့် ဖော်ပြထားသော မှတ်ပုံတင်၊ အိမ်ထောင်စုဇယား မှ မွေးနေ့သည် နိုင်ငံကူးလက်မှတ်မှ အင်္ဂလိပ်မွေးနေ့ နှင့် တူရမည်။
- နိုင်ငံကူးလက်မှတ်၊ မှတ်ပုံတင်၊ အိမ်ထောင်စုဇယားတို့မှ နာမည်တူရမည်။
Share This Page